Wednesday, 18 July 2012

Gtalk က password ကိုကြည့်ကြရအောင်


ကျွန်တော့်အစ်ကိုကြီး တစ်ယောက်ဆီကရတာပါ ..Gtalk က password တွေကို ကြည့်လို့ရတဲ့ software လေးပါ ..password အတုံးလေးတွေနေရာကို မှန်ဘီလူးပုံလေးနဲ့ ထောက်ကြည့် ရင် မြင်နေရမှာပါ..serial
ကိုတော့  notepad ဖိုင်လေးနဲ့ ထည့် ပေးထားပါတယ်..


Photobucket

ဆော့ဖ်ဝဲ install လုပ်ပုံကတော့်တင်ပေးတဲ့ ဖိုင်လေးမှာ serial အတွက် notepad လေးရယ်
Software run ဖို့ အတွက် setup လေးပါပါတယ်။။
အဲဒီ setup လေးကို double click ပေးရင် run ပါလိမ့် မယ်. run ပြီးရင်
Desktop ပေါ်မှာ Shortcut လေးပေါ်လာလိမ့် မယ် ။သူကို ကလစ်ရင်
serial တောင်းတဲ့  Box လေးပေါ်လာပါမယ်..


အဲဒီမှာ notepad file ကိုဖွင့် ပြီး အဲမှာပါတဲ့  name & serial ကိုထည့် ပေးရင် Thank you !
ဆိုတဲ့  Alert box လေးပေါ်လာရင် Ok ပေးပါ။ ဒါဆိုရင် မှန်ဘီလူးပုံလေးပေါ်လာလိမ့် မယ်.
ဒါဆိုစသုံးလို့ ရပါပြီ။သူများကို ဒုက္ခပေးဖိုမရည်ရွယ်ကြပါနဲ့တောင်းပန်ပါရစေ ..
မှတ်ချက် ။ ဒီဆော့ဖ်ဝဲလေးကို ဝေမျှပေးတဲ့ ကိုရဲသူ(KSTU)ကိုကျေးဇူးတင်ပါတယ် ..
aungmyo......cope

ပုံလေးတွေကို ရေပေါ်မှာအရိပ်ထင်နေသလိုလုပ်ကြည့်ရအောင်


Picture ကို ရေပေါ်မှာ အရိပ်ထင်နေသလို ဖြစ်အောင်လုပ်တဲ့ software လေးပါ..ဘယ်ပုံကိုမဆိုလုပ်လို့ရပါတယ် ..
ဒီဆောစ့်ဝဲလေး က install စရာမလိုပါဘူး..အောက်မှာ ကျွန်တော်လုပ်နည်းလေးတွေ အဆင့်လိုက်ရေးပေးထားပါတယ်...

(၁) open icon ကို နှိပ်ပြီး လုပ်ချင်တဲ့ ပုံကို select လုပ်ပါ
(၂) မိမိလုပ်လိုသောပုံမှာ ရေလှိုင်းကို အဆင်းလေးတွေဘဲ ဖြစ်စေချင်ရင် Regular တွင် ထားပါ။ ပြင်ညီပေါ်တွင် အရာဝတ္ထု တစ်ခုနှင့်တစ်ခုတို့၏
အနီးအဝေးအနေအထား၊ အလုံးအထည်တို့ကို အမြင်အတိုင်း ပကတိ ရုပ်လုံးပေါ်အောင် ရေးဆွဲလိုလျှင် perspective ကို ရွေးပါ။
(၃) Export button ကိုနှိပ်ပါ။
(၄) မိမိလိုချင်သော output ကို ရွေးပါ။
reflection only ( မူရင်းပုံ ကို ဖော်ပြခြင်း မရှိဘဲ ရေပေါ်က အရိပ်ကိုသာပြရန်)
image and reflection (မူရင်းပုံရော၊ ရေပေါ်မှ အရိပ်ကိုပါ ပြရန်)

animated gif အတွက် color count ကိုရွေးပေးရန်
sequence bmp နဲ့ sequence jpg တို့သည် animate လုပ်ထားသော ပုံအစဉ်လိုက်ကိုထုတ်ပေးရန်
video တွင် video clip avi (မိမိ video file ၏ အရှည် second )ကို ရွေးပေးရန်


နမူနာပုံလေးပြထားပါတယ်..စမ်းပြီး လုပ်ကြည့်ကြပါဥိးနော် အဆင်ပြေပါစေဗျာ.....



Photobucket

                        aungmyo.....(cope)

Gmail & Gtalk အကြောင်း စာအုပ်


ဂျီမေးလ်း အကောင့်ဖောက်နည်းကစပြီးတော့ ... ဂျီတော့ပ် shell လေးတွေ ကိုယ်တိုင်ပြုလုပ်နည်း များထိတော်တော်များများရေးထားပါတယ်...စိတ်ဝင်စားသူများ အောက် မှာ သွားဒေါင်း နိုင်ပါတယ်..တတ်နိုင်သမျှစုံလင်အောင်ဖော်ပြထားပါသည်..

Photobucket
အားလုံးပဲအဆင်ပြေပါစေဗျာ....မှတ်ချက်။သူငယ်ချင်းတစ်ယောက်ရဲဆိုက်ကကော်ပီယူတာပါ။

Gtalk နေရာမှာပုံလေးတွေထည့်ကြည့်မယ်


ကျွန်တော်လဲ သူများဆီက ရထားတာပါ.ရထားတာကြာနေပြီဆိုတော့ လင့်ခ်တွေသေကုန်တာနဲ့ Resource Hacker လေးကို Google မှာမနဲပြန်ရှာထားရတယ်..ထုံးစံအတိုင်း သိပြီးသားဆိုရင်တော့လည်းမသိချင်ယောင်ဆောင်ပေးကြပါလို့ ......Software နဲ့ လုပ်ကြည့်မှာဖြစ်ပါတယ်..ပထမဆုံး အောက်က Resource Hacker လေးကို Download လုပ်လိုက်ပါ......
Photobucket
Photobucket

ကဲစလိုက်ကြရအောင်..C:\ ထဲက Program File ထဲမှာရှိတဲ့ googletalk.exe ဖိုင်ကို
Destop ပေါ်ကို copy ကူးထားလိုက်ပါ (ကိုယ်လုပ်တာနဲ့ မူးရင်းဖိုင်နဲ့ ရောမှာစိုးလို့ပါ )...

Download လုပ်ပြီးရင် Resource Hacker ကို ဖွင့်ပြီး
File -> Open ( Ctrl+O) ကနေ
Destop ပေါ်မှာ copy လုပ်ထားတဲ့
googletalk.exe ကို ဖွင့်လိုက်ပါ ....


Gtalk နဲ့ပတ်သက်တဲ့ Data တွေပေါ်လာပါလိမ့်မယ်....


ပထမဆုံးအနေနဲ့ အသံတွေကို ပြောင်းကြည့်ရအောင်.......
WAVE title ကို ဖွင့်လိုက်ရင် 121 , 123,124,125,126 ဆိုတဲ့ ခေါင်းစဉ်အခွဲတွေ
ထပ်တွေ့ရပါလိမ့်မယ် ... ..
121 က တဖက်က ကိုယ့်ဆီကိုစာရိုက်လိုက်ရင် ကြားရတဲ့ အသံဖြစ်ပါတယ်...
125 က ကိုယ့်ကို voice call ရင်ကြားရတဲ့ အသံဖြစ်ပါတယ် ...
အဲ့ဒီ 125 ရဲ့ အသံကိုပြောင်းမယ်ဆိုရင်

Action -> Replace other resource ... -> Open file with new resource ကနေ
ကိုယ်ထည့်မယ့် အသံ (သို့) သီချင်းကိုဖွင့်လိုက်ပါ....

Resource Type မှာ WAVE ၊ Resource Name မှာ 125 ၊ Resource Language မှာ 0
ကိုဖြည့်ပြီး Replace ကို click လိုက်ပါ ..


ဒါဆိုရင် voice ခေါ်တဲ့ အခါကြားရမဲ့ အသံပြောင်းသွားပါပြီ ....

File -> Save လုပ်လိုက်တာနဲ့ Destop ပေါ်မှာ googletalk_original.exe ဆိုတဲ့ Gtalk
ဖိုင်တစ်ခုထပ်ပေါ်လာပါလိမ့်မယ် ..

googletalk.exe ဖိုင်က ကိုယ်ပြောင်းလိုက်တဲ့ Gtalk ဖြစ်ပါတယ် .....
googletalk_original.exe ကတော့ မူရင်း Gtalk ဖြစ်ပါတယ် .....

အဲ့ဒီနည်းနဲ့ WAVE ခေါင်းစဉ်အောက်မှာရှိတဲ့ အသံတွေအားလုံးပြောင်းလို့ရပါတယ် .....
( ကိုယ်ပြောင်းမယ့် အသံဖိုင် (သို့ ) သီချင်းဖိုင်က .wav ဖိုင်ဖြစ်ရပါမယ် ... Recording
စက္ကန့် 20 လောက်ဆိုရပါတယ် )
Gtalk မှာပါတဲ့ပုံတွေက တော့ Bitmap ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိပါတယ် ...

ပုံပြောင်းနည်းတစ်ခုကို ရေးပြလိုက်ပါမယ် .....
တစ်ဖက်က စာရိုက်နေရင် ကိုယ့်မှာပေါ်တဲ့ Typing သင်္ကေတ ကို
တခြားပုံပြောင်းကြည့်ရအောင် ......

-Typing သကေင်္တ ပုံရှိတဲ့နေရာက Bitmap -> 6051 မှာရှိပါတယ်....
-ပြောင်းနည်းကတော့ ........
-Bitmap ခေါင်းစဉ်အောက်က 6051 ကိုဖွင့်ပြီး Action --> Replace
-Bitmap ... --> Open file with new bitmap ကနေ ကိုယ်ထည့်ချင်တဲ့ ပုံ ကိုထည့်ပြီး
-Replace ကို click လိုက်ပါ .....


ပီးရင် File -> Save လုပ်လိုက်ရင် တစ်ဖက်က စာရိုက်နေတဲ့အခါ
ကိုယ့်မှာပေါ်မယ့် Typing သင်္ကေတ နေရာမှာ ကိုယ်ထည့်လိုက်တဲ့ပုံ ပေါ်နေပါလိမ့်မယ်.......


*ထည့်မဲ့ပုံက bmp ဖိုင်ဖြစ်ရပါမယ် ...... အရမ်းကြီးလို့မရပါဘူး ...
မူရင်း Typing သင်္ကေတ ပုံအရွယ်အစားလောက်ပဲဖြစ်ရပါမယ် ....
အဲ့ဒီနည်းနဲ့ Bitmap ခေါင်းစဉ်အောက်က ပုံတွေ ပြောင်းပစ်လို့ရပါတယ် ......

*Bitmap ခေါင်းစဉ်အောက်မှာရှိတဲ့ အချို့သင်္ကကေတပုံတွေ ရေးပြလိုက်ပါမယ် .....
6001 = Avaiable သင်္ကေတပုံ
6002= Busy သင်္ကေတပုံ
6003= Idel သင်္ကေတပုံ
5010= Gtalk left border
5011= Gtalk right border
5012= Gtalk bottom border
Gtalk မှာရှိတဲ့ စာတွေကို ပြောင်းလို့လည်းရပါတယ် ......
Gtalk က စာတွေအားလုံး String Table ခေါင်းစဉ်အောက်မှာ ရှိပါတယ် ...
ဥပမာ....
Username: ဆိုတဲ့နေရာမှာ အခြားစာပြောင်းမယ်ဆိုရင် String Table --> 95 ကို
ဖွင့်ပြီး Username ဆိုတဲ့နေရာမှာ ကြိုက်တာရေပြီး Compile Script ကို click ပြီး
File -->Save လုပ်လိုက်ရုံပါပဲ .. ...
ကျန်တဲ့ စာတွေအားလုံးကိုလည်း ဒီနည်းအတိုင်း အကုန်ပြောင်းကြည့်လို့ရပါတယ် ....
ကိုယ်ပြောင်းထားတဲ့ Gtalk နဲ့ တစ်ခုမက ဖွင့်ချင်တယ်ဆိုရင် ... ကိုယ်ပြောင်းထားတဲ့
Gtalk ကို Shortcut ထုတ်ပြီး
ထုံးစံအတိုင်း Properties ကနေ Target ဆိုတဲ့အကွက်ရဲ့ နောက်ဆုံးမှာ /nomutex ရိုက်ထဲ့ပြီး
ကြိုက်သလောက် အသုံးပြုလို့ရပါတယ် ......


အောက်က ကျနော်ပြောင်းထားတဲ့ Gtalk ပုံလေးပါ... ..

ပုံထည့်တဲ့နေရာကတော့ Bitmap ခေါင်းစဉ်အောက်က 5101 မှာပါ....


ဒီပုံလေးက icon လေးတွေထည့်ထားတာပါ..


မှတ်ချက်။ မူရင်းပိုင်ရှင်ကိုတော့ မသိတော့ပါ..

Gပုန်း လုပ်လိုသူများအတွက်






gmail ကနေ invisible လုပ်ရတာမကျေနပ်သေးတဲ့သူငယ်ချင်းများအတွက် ....
Gtalk မှာပါ invisible နဲ့ ချက်နိုင်ကြပါပြီ ....
စမ်းကြည့်ချင်သူများ ..http://www.google.com/talk/labsedition/download.html ..ဒီလင့်ခ်လေး မှာသွားဒေါင်းပါ ....ပြီးရင်Run လိုက်ပါ .gtalk ကိုဖွင့်ပြီး ...ရိုးရိုး gtalk တွေ sign out လုပ်တဲ့နေရာမှာတင်
invisible လုပ်လို့ရပါတယ် ......


ဒါပေမဲ့အောက်ကစာသားလေးတော့ သတိထားပေါ့ ....

Google မှာ ပို့လို့ရတဲ့ မေးလ်မို့ Gmail ဟုခေါ်သည် ...
Google မှာ talk နိုင်လို့မို့ Gtalk ဟုခေါ်သည် ...
Google မှာ ပုန်းနေတဲ့ သူများ ကိုတော့ Gပုန်း ဟုခေါ်သည် ...တဲ့ .....ဟဲဟဲ ..း)))

                   aungmyo........(cope)

PHOTOSHOP စာအုပ်(မြန်မာဘာသာဖြင့်)

..အောက်ကလင့်ခ်လေးမှာ ဒေါင်းလုဒ်ယူလိုက်ပါ.သူငယ်ချင်းရေ တင်ပေးလိုက်ပြီနော် .

Download
                            aungmyo......(cope)

Counrty_Codes_2.7


ဒီ Software လေးက နိုင်ငံအသီးသီးရဲ့ country code , ph code တွေရှာတဲ့ ဆော့ဝဲလေးပါ.Country Codes တွေအပြင် အခြားအသုံးဝင်မယ့် အချက်အလက်တွေပါ(International Times, Latitude, Dialing Codes, etc...) ကြည့်နိုင်ပါတယ်။ Install လုပ်စရာလည်းမလိုပါဘူး။

Photobucket
Photobucket
                                                မှတ်ချက်...သူများဆိုင်ကကူးယူတာပါ။နာမည်ကတော့မသိတော့လို့။