Wednesday, 18 July 2012

AV.Voice.Changer.Diamond.v5.5.24


AVVoiceChanger နဲ့ အသံလေးတွေ ပြောင်းနိုင်ပါတယ်...
ယောကျာင်္းလေးကနေ မိန်းကလေးအသံ.. မိန်းကလေးကနေ ယောကျာင်္းလေးအသံ ပြောင်းနိုင်ပါတယ်.... နားထောင်နေတဲ့ သီချင်းကိုလည်းပြောင်းနိုင်ပါတယ်..
အင်တာနက်မှာ စကားပြောရင်လည်းပြောင်းနိုင်ပါတယ်....စလို့နောက်လို့ အလွန်ကောင်းပါတယ်... စမ်းသုံးကြည့်ပါခင်ဗျာ....


Photobucket

Tuesday, 17 July 2012

သုံးကြည့်ကြပါသူငယ်ချင်တို့ရယ်....

jetAudio 8.0.2 Basic Latest Version




အသစ် အသစ်လေးတွေ လိုချင်သူများအတွက်ပါ ..Jet ကနေ နောက်ဆုံးထွက်တဲ့ Version အသစ်လေးပါ ..Record လုပ်လို့ လဲ ရတယ်၊ Convert လုပ်လို့ လဲရတယ်၊ ဖိုင်တွေ တော်တော်များများလဲ ဖွင့်ပေးနိုင်တယ်။

                                                   aungmyo.....(cope)

ဆိုင်မှာအင်တာနက်သုံးသူများအတွက်.အေ၇းကြီး

Black Device for keyboard




ဒီနေ့ forward mail ထဲကနေ ကိုဂွန်း ပို့ပေးတဲ့ မေးလ်လေးဖတ်လိုက်ရလို့ ဒီပို့စ်လေးတင်ဖြစ်သွားတာပါ ..Device လေးအကြောင်းပါ ..အင်တာနက် ကဖေးတွေမှာ အသုံးပြုကြတဲ့ user တွေ သတိထားနိုင်ဖို့ရည်ရွယ်ပါတယ် ..အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အချက်တစ်ချက်ရှိပါတယ်။အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့်ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာမသုံးပါနှင့်တော့။ အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှအားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှကိုယ်ရေးကိုယ်တာအချက်အလက်တွေ အားလုံးခိုးယူခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ် ၊ဘဏ် စာရင်းတို့သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့နိုင်ငံတွေမှာတော့ပိုဆိုးတာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ နေ့ မကူးခင်အင်တာနက်ဆိုင် တွေမှာ သုံးရင်သတိထား၊ ဘဏ်ထဲကရှိတဲ့ ကိုယ်ပိုင်ငွေ ပြောင်ဖို့သာပြင်။ဒီ Black Device ကို နိုင်ငံ အချို့မှာတော့ ဟိုတယ်တွေ၊ ကုန်စည်ပြပွဲတွေ၊လေဆိပ်တွေနဲ့ အင်တာနက်ကဖေးတွေမှာ အများအားဖြင့် သုံးကြတယ်။မြန်မာနိုင်ငံမှာတော့ အင်တာနက်ကဖေးတွေမှာ သုံးဖို့များတယ်။ သေချာစစ်ကြည့်ပြီးမှသုံးပေါ့၊ သေချာအောင် ပုံပါထည့်ပေးလိုက်တယ်။

                                     အောင်မျိုး..........မူရင်း(အညာသား)

ဘလော့ရေးနည်းစာအုပ်

လွယ်ကူစွာ Blog ပြုလုပ်နည်း စာအုပ်

Blog စတင်ပြုလုပ်တဲ့သူ တွေအတွက် အထောက်အကူပြုတဲ့စာအုပ်လေးပါ...



Photobucket


 

Monday, 16 July 2012

mail ပို့တဲ့အခါ မေးလ်ထဲက စာသားနဲ့အတူ ပုံတွေပါထည့်ချင်ရင်


  • မိမိရဲ့ gmail ကို username and password ရိုက်ထည့်ပြီး အရင်ဝင်လိုက်ပါ.
  • မးလ်ထဲကို ရောက်သွားပြီဆိုရင် setting ထဲက Lab ကို သွားလိုက်ပါ. မသွားတတ်ဘူးဆိုရင် ဒီကို နှိပ်လိုက်ပါ. တစ်ခါတည်း ရောက်သွားပါလိမ့်မယ်.
  • ရောက်သွားပြီဆိုရင်တော့ အောက်ကပုံထဲကလိုမျိုး "inserting images" ဆိုတဲ့ lab ကို လိုက်ရှာလိုက်ပါ. တွေ့ပြီဆိုရင် ပုံထဲကအတိုင်းပဲ Disable ဖြစ်နေတာကို Enable ကို ရွေးပေးပြီးတော့ အောက်ဆုံးက "Save Change" ကိုနှိပ်ပေးလိုက်ပါ.

ကဲအားလုံးပြီးသွားပြီဆိုရင်တော့ မေးလ်ပို့ဖို့ Compose ကို နှိပ်ကြည့်လိုက်ပါ. အဲ့မှာ ပုံအစားသွင်းဖို့အတွက် insert image ဆိုတဲ့ ပုံလေးတစ်ပုံ တိုးလာတာကို တွေ့ရပါလိမ့်မယ်. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.

အောင်မျိုး......................မု၇င်း(nyinaymin)

gtalk တွင် zaw gyi font မပေါ်ခြင်း ပြဿနာအဖြစ်အများဆုံးက IE က

အဲ့ဒီ့ ပြဿနာအဖြစ်အများဆုံးကတော့ IE လို့ခေါ်တဲ့ internet explorer ကနေ Times New Roman (or) တစ်ခြား font တစ်ခုခုကို ရွေးထားပြီး browser ကို Default ယူထားလို့ ဖြစ်တဲ့ ပြဿနာပါ. အဲ့ဒီ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ Mozilla Firefox ကို Default browser အဖြစ် ပြန်ယူလိုက်ရင် အဆင်ပြေသွားမှာပါ. အဲ့တော့ တစ်ခါတစ်ရံမှာ Firefox ကို တင်လိုက်တဲ့အချိန်တုန်းက Mozilla Firefox browser ကို default ထားမှာလားမေးတုန်းက default မထားခဲ့လို့လဲဖြစ်တတ်ပါတယ်. တစ်ခါတစ်ရံ default ထားထားတာတောင်မှ IE နဲ့ gtalk နဲ့ လာငြိတတ်ပါတယ်. ကဲလုပ်ရမှာလေးကို ပြောပြပေးပါ့မယ်.


သေချာသွားအောင်လို့ ၃ နေရာပြင်ပါမယ်.

၁။ Internet explorer (IE) ကိုဖွင့်လိုက်ပါ
  1. Tools ထဲက Internet options ဆိုတာကို ရွေးပေးလိုက်ပါ.
  2. ပြီးတာနဲ့ အောက်ဆုံးက Appearance ရဲ့အောက်က Colors ၊ Languages ၊ Fonts ၊ Accessibility ဆိုတဲ့အထဲက Fonts ဆိုတဲ့ အကွက်ကို နှိပ်လိုက်ပါ။ ပြီးရင် Webpage font: အကွက်မှာ အောက်ဆုံးအထိ ဆွဲချလိုက်ပြီး Zawgyi-One ဆိုတာကို တွေ့အောင်ရှာပြီး ရွေးပေးလိုက်ပါ.
  3. ပြီးရင်တော့ OK ပေါ့.


၂။ Mozilla Firefox ကို ဖွင့်လိုက်ပါ။
  1. Menu bar မှာရှိတဲ့ Tools >> Options ကိုသွားလိုက်ပါ.
  2. Options box ထဲက Content ကိုရွေးပြီးနှိပ်လိုက်ပြီး Default font မှာ Zawgyi-One ပြောင်းပေးလိုက်ပါ။
  3. ပြီးရင်တော့ Ok ကို နှိပ်လိုက်ပါ။

၃။ ဒါကတော့ နောက်ဆုံးအဆင့်ပါ။ Gtalk ကိုဖွင့်ပါ။
ထိပ်ဆုံးက Settings ကို နှိပ်လိုက်ပါ. ပြီးရင် ညာဖက်က အလယ်လောက်မှာရှိတဲ့ Change Font ဆိုတာကိုနှိပ်ပါ။
အဲ့မှာလည်းပဲ Zawgyi-One ပြောင်းပေးလိုက်ပါ။
ပြီးရင်တော့ Ok ကို နှိပ်လိုက်ပါ။

ကဲ ဒီသုံးခုပြီးရင်တော့ အားလုံးအိုကေသွားပါပြီ . အဆင်မပြေတာများရှိရင် ကွန်မန့်ရေးပေးနိုင်ပါတယ်. အဓိကကတော့ IE မှာ Zawgyi-One font ရွေးပေးဖို့ပါပဲ. အများဆုံးအဖြစ်များတာက IE နဲ့ ငြိတတ်တာများပါတယ်. အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်. zawgyi font နဲ့ keyboard ကိုတော့ ကျွန်တော့်ဆိုက်ရဲ့ ညာဖက်အခြမ်းမှာ တင်ထားပေးပါတယ်. မသိတဲ့သူများ ကိုတင်ထားတဲ့ window က 32 bit လား 64 bit လား အရင်ကြည့်ပါ. 32 bit ဆိုရင် ဒီမှာ Download လုပ်ပါ. 64 bit ဆိုရင်တော့ ဒီမှာ Download လုပ်ပါ။ တစ်ချို့ ကိုတင်ထားတဲ့ window က 32 bit လား 64 bit လား မခွဲတတ်တဲ့သူများကတော့ Desktop က My computer (or) Computer ကို right click ထောက်ပြီး properties ကို နှိပ်လိုက်ပါ။ အဲ့မှာ System ဆိုတဲ့စာတမ်းအောက်မှာ system type ဆိုတာကို လိုက်ရှာလိုက်ပါ. သူ့ဘေးမှာ 32 bit ဆိုရင် 32 bit operation system လို့ရေးထားမှာဖြစ်ပြီး 64 bit ဆိုရင်တော့ 64 bit operation system လို့ရေးထားမှာဖြစ်ပါတယ်.
                                                 အောင်မျိုး...........မူ၇င်း(nyinaymin)

Sunday, 15 July 2012

Gmail ကိုမိမိကြိုက်နှစ်သက်ရာဒီဇိုင်းပြောင်းမယ်


Gmail ဒီဇိုင်းပြောင်းနည်လေးကို သိပြီးတဲ့သူများလည်းရှိသလို ... မသိသေးတဲ့သူများလည်းရှိတဲ့အတွက် ဖော်ပြလိုက်ပါတယ်။ လွယ်ပါတယ်... ဘာဆော့ဝဲလ်မှမလိုပါဘူး ...အောက်မှပုံလေးနဲ့ပြထားပါတယ် ......