Thursday 26 July 2012

ကွန်ပျူတာတစ်လုံးကို ကိုယ်တိုင်တည်ဆောက်ခြင်း


ကွန်ပျူတာတစ်လုံးကို ကိုယ်တိုင်တည်ဆောက်ခြင်းစာအုပ်ပါ
အားလုံးပဲ ကိုယ်တိုင် တပ်ဆင်ချင်ကြမယ်ထင်ပါတယ်
ဒီစာအုပ်ကို သေချာဖတ်ကြည့်ပါ။ အဆင်ပြေမှာပါ
မ၇ှိသေးတဲ့သူငယ်ချင်းများကတော့လိုချင်ကြမယ်ထင်ပါတယ်

ရေးသူ = မောင်မောင်ကြီး

Photobucket

Download
original....keekee

blogspot.com မှ co.cc ပြောင်းနည်း


တိုးတက်လာတဲ့ အင်တာနက်ခေတ်မှာ ဆိုရှယ်ဆိုဒ်တွေ အများကြီးပေါ်ပေါက်လာသလို ကိုယ်ပိုင်ဖန်တီးထားတဲ့ ဘလော့ ဆိုဒ်များလဲ အများအပြားထွက်လာတာကိုတွေ့နေရပါတယ်။ စာဖတ်တာ ၀ါသနာပါသူများကတော့ ထိုဆိုဒ်တွေမှာ လိုက်ပြီး ဖတ်ရှုကြသလို ကိုယ်တိုင်ရေးသားတတ်သူတွေလဲ ရှိနေပါတယ်။ မိမိတို့ရဲ့ ဖန်တီးထားမှုများကို ကိုယ်ပိုင် ဆိုဒ်တစ်ခုတည်ဆောက်ပြီး ဖန်တီးလိုသူများက ပိုက်ဆံပေးစရာမလိုတဲ့ ကိုယ်ပိုင်ဒိုမိန်းလေးတွေ ယူပြီးဖန်တီးတတ်ကြပါတယ်။ ဒါပေမဲ့ www.blogspot.com ဟာ မြန်မာနိုင်ငံက လူတွေ အတော်များများ ပုံမှန် proxy နဲ့ဝင်ကြည့်လို့မရတတ်ပါဘူး။ ကျော်ခွပြီး ၀င်တတ်မှသာ တစ်ခါတစ်ရံဝင်လို့ရတာပါ။ ဒါကြောင့် များသောအားဖြင့် မိမိဆိုဒ်ကို နေရာစုံ နိုင်ငံစုံက ဖန်တီးလို့ရအောင် co.cc ဒိုမိန်းနဲ့ ပြောင်းပြီးဖန်တီးတတ်ကြပါတယ်။ ဒါကြောင့် မိမိရဲ့ ဘလော့တွေကို ဒိုမိန်းပြောင်းချင်သူများအတွက် (co.cc သို့) ရည်ရွယ်ပြီး ဒီပိုစ့်လေးကို တင်ပြတာပါ။ သိပြီးသား သူငယ်ချင်းတွေလည်း အများကြီးရှိပါတယ်။ ဒီလူတွေကို ဆရာလုပ်ချင်တာ မဟုတ်ပါဘူး။ တကယ်လို့ မသိသေးတဲ့သူတွေ ရှိခဲ့ရင် အထောက်အကူဖြစ်အောင် တင်ပြပေးခြင်းဖြစ်တယ်ဆိုတာ ကောင်းကင်မောင်နှမတွေ နားလည်နိုင်ပါစေ လို့ ။။။



ပြုလုပ်ပုံ အဆင့်ဆင့် ..


၁. http://www.co.cc/ မှာ Accountတစ်ခု Register လုပ်ပါ။

၂. မိမိ Account ကို SignIn ၀င်ပါ... 'Domain Setting' ကို ရွေးပါ... မိမိ နှစ်သက်ရာနာမည်နဲ့ 'Domain' နာမည် တစ်ခု Create လုပ်ပါ... မိမိနှစ်သက်ရာ နာမည်တစ်ခု (blogspot က နာမည်အတိုင်းပေးချင်လဲ ရပါတယ်)။ ဒီအကောင့်က blogspot.com ကနေပြောင်းဖို့ ပြုလုပ်မှာဖြစ်တဲ့အတွက် မိမိနှစ်သက်ရာ နာမည်နဲ့ ဘလော့တစ်ခု ဖန်တီးထားဖို့လိုအပ်ပါတယ်။ ..
ထို့နောက် 'Setup'ကို ရွေးပါ...

၃. Option သုံးခု ရှိတဲ့ထဲက ဒုတိယ Option ဖြစ်တဲ့ 'Zone Record' ကို ရွေးရပါမယ်...

၎. 'Host' မှာ 'www.yourdomainname.co.cc' ကို ထည့်ပါ... (Domain Nameမှာ 'www' ပါရပါမယ်...)
'TTL'မှာ '1D'ကို ရွေးပါ...
'Type'မှာ 'CNAME'ကို ရွေးပါ...
'Value'မှာ 'ghs.google.com'ကို ထည့်ပါ...

၅. 'Setup' buttonကို Clickလုပ်ပါ... ဒါဆိုရင် မိမိBlogအတွက် Domainတစ်ခုရပါပြီ...
ဒီအဆင့် ပြီးတဲ့ အခါမှာတော့ မိမိဒိုမိန်းကိုပြောင်းဖို့အတွက် ၄၈ နာရီ (၂ ရက်) စောင့်ဖို့လိုပါတယ်။ ၂ ရက်ကြာမှသာ အောက်က အဆင့်များကို ဆက်လုပ်ရမှာဖြစ်ပါတယ်။
၆. Blogger Accoutကို Login ၀င်ပါ... 'Setting' ကို သွားပါ... 'Publishing' Tab ကို ရွေးပါ...

၇. 'Custom Domain'ကို ရွေးပါ... 'Switch to advanced settings'ကို ရွေးပါ...

၈. 'Your Domain'မှာ 'www.yourdomainname.co.cc' ကို ထည့်ပါ... Saveလုပ်ပါ...Blogကို CustomDomain CO.CCနဲ့ အသုံးပြုလို့ ရပါပြီ...

ဒီအဆင့်တွေက သူငယ်ချင်းတစ်ယောက်ဆီမှ ကိုယ်တိုင်ပြုလုပ်ချင်တုန်းက မေးထားတဲ့ အတိုင်းဖြစ်တဲ့အတွက် မူရင်းပြုစုရေးသားသူကို မဖော်ပြနိုင်တာ ခွင့်လွှတ်ပါလို့။ ကောင်းကင်မောင်နှမများ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ရှင်။



WYTU ဆိုဒ်မှ ပြန်ဝေမျှပေးသည်...။

မြန်မာ font ၇ှိရဲ့သားနဲ့ မြန်မာလိုေ၇းမ၇တဲ့သူများအတွက်(Windows-7)


All Program >> Control Panel >>Region and Languages>>Keyboards and languages>> Change Keyboards..>> General >> Add>> Zawgyi (check boxes)>> Ok....
အောက်မှာပုံတွင်ပြထားတဲ့အတိုင်းလုပ်၇င် အဆင်ပြေမှာပါ။

မှတ်ချက်။  ။မသိသေးသူများအတွက်သာ..






aungmyo.....original..keekee

မိမိဓာတ်ပုံကို အလှဆင်ခြင်တဲ့ သူငယ်ချင်းများအတွက်


မိမိဓာတ်ပုံတွေကို အမျိုးမျိုးအလှဆင်တာ သူငယ်ချင်းများလည်းတွေ့ဘူးကြမှာပါ
အဲဒီလိုမလုပ်တတ်သေး မသိသေးတဲ့သူတွေအတွက် လင့်တွေကို မျှဝေပေးလိုက်ပါတယ်
မိမိပုံတွေကိုလှတထက်လှအောင် ပြုပြင်နိုင်ကြပါစေ...

http://funny.pho.to/cartoon/
http://www.hdwallpapers.in/
http://www.brusheezy.com/
http://pixlr.com/editor/
http://www.pvmgarage.com/
http://photofunia.com/
http://www.funphotobox.com/
http://funnylogo.info/create.asp
http://cooltext.com/
http://photo505.com/
http://www.faceinhole.com/
http://www.dumpr.net/
http://www.loonapix.com/
http://wickedreport.com/
aungmyo....original...chanlay

Wednesday 25 July 2012

Foloder ကို Colour တွေနဲ့သုံးရအောင်


ဒါလေးက ဘာမှမဟုတ်ပါဘူး။ အလှဆင်ချင်သူတွေအတွက်ပေါ့။ ကျွန်တော် Download Link ပေးထားပါတယ်။ ဆွဲသွားပေါ့။ အပေါ်ကပုံမှာလည်း ပြထားပါတယ်။ အဲအရောင်တွေပေါ့။ ကိုယ့် ကွန်ပျူတာကို အလှဆင် လိုက်ပေါ့။ :D  လိုချင်ရင် အောက်မှာ Download ချသွားလိုက်ပါ။ သုံးတတ်မယ်လိုတော့ ကျွန်တော် ထင်ပါတယ်။ အဆင်မပြေတာာများ ရှိရင်လည်း itmanaungkhinemoe@gmail.com ကို Mail ပို့ပြီးဖြစ်စေ၊ C-BOX မှာဖြစ်စေ ပြောသွားနိုင်ပါတယ်ခင်ဗျာ .....
Download Here
aungmyo.....original...a khine moe

G-Talk ကို Always Idle လုပ်ချင်နေသူများအတွက် ....

ကျွန်တော် အပေါ်က ပုံမှာ ပြထားသလိုပါပဲ။ G-Talk ကို မီးအ၀ါလေး လုပ်ချင်နေသူတွေအတွက် ကျွန်တော် တင်ပေးလိုက်ပါတယ်။ အရင်ဆုံး Download ချသွားလိုက်ပါ။  ကဲ..စလိုက်ကြရအောင်.... အရင်ဆုံး Download ချသွားလိုက်ပါ။ ပြီးရင် ကျွန်တော် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Download ချထားတဲ့ ဖိုင်ပေါ် Right Click ထောက် Extra Here လုပ်လိုက်ပါ။
မှတ်ချက် ။    ။ ဒါတွေကို လုပ်နေစဉ်အတွင်း မိမိ Gtalk ကိုပိတ်ထားပါ။ မိမိရဲ့ စက်မှာလည်း Winrar ရှိရပါမယ်။




Extra Here လုပ်ပြီးရင် အောက်ကပုံအတိုင်း Foloder လေးတစ်လုံး ရလာပါလိမ့်မယ်။ အဲ Foloder ထဲကို ၀င်လိုက်ပါ။

ပြီးရင် အောက်က ပုံအတိုင်း ဖိုင်နှစ်ခုလုံးကို Select လုပ်ပေးထားပါ။ ပြီးရင် Right Click နှိပ်လိုက်ပါ။

ပြီးရင် အောက်ကပုံအတိုင်း Copy ဆိုတာကို နှိပ်လိုက်ပါ။


ပြီးရင် Desktop ပေါ်က Gtalk Shortcut ပေါ် Right Click နှိပ်ထားပါ။  ပြီးရင် properties ထဲဝင်လိုက်ပါ။
ဝင်ပြီးရင် Open File Location ကို နှိပ်လိုက်ပါ။
ပြီးရင် ပေါ်လာတဲ့ ဘောက်လေးထဲမှာ Paste ပေးလိုက်ပါ။

ပြီးရင် Propertoes Box မှာ အရင်ဆုံး Apply ကို နှိပ်လိုက်ပါ။ ပြီးမှ OK ကိုနှိပ်ပါ။

ဒါဆို ရပါပြီ။ G-Talk ကို အမြဲတမ်း မီးဝါဖို့အတွက် Taskbar က Notification Area ထဲက Gtalk ပေါ် Right Click ထောက်ပြီး Always Idle ကို ရွေးပေးလိုက်ပါ။ ဒါဆို ကိုယ့်ရဲ့ G-Talk က အမြဲတမ်း ၀ါနေပါမယ်။ 


aungmyo.......original..a khine moe

Monday 23 July 2012

Gtalk မှာအမြဲတမ်း idle status အဝါရောင်ပြပေးမယ့် galwaysidle

                                   သင့်ကွန်ပျူတာကို ဖွင့်ထားပြီး မသုံးပဲ အချိန်အတန်ကြာ ထားလိုက်မယ်ဆိုရင် Gtalk ရဲ့ status မှာ အဝါရောင် idle ကိုအလိုလို ပြောင်းသွားပါတယ်။ သင်ကွန်ပျူတာရဲ့ အဝေးမှာ ရောက်နေတယ်လို့ သင့်သူငယ်ချင်းများကို ယူဆစေပါတယ်။ သင်ကွန်ပျူတာကို ပြန်မသုံးသေးသမျှ အဝါရောင်ပဲပြနေမှာပါ။ သုံးလိုက်ပြီဆိုတာနဲ့ ချင်ချင်း အဝါရောင်ကနေ အစိမ်းရောင် Available ဒါမှမဟုတ် အနီရောင် Busy ကိုပြန်ပြောင်းသွားမှာပါ။ သင်သုံးနေသမျှ အဝါရောင် idle ပေါ်မှာမဟုတ်ပါဘူး။ ကွန်ပျူတာကိုလည်းသုံးချင်တယ်၊ Gtalk ရဲ့ status မှာလည်း အဝါရောင် ပြထားချင်တယ် ဆိုရင် သင်လက်ရှိုသုံးနေတဲ့ Official Gtalk ကို "galwaysidle" လို့ခေါ်တဲ့ plug in တစ်ခုနဲ့ တွဲပြီး ဖွင့်ရပါမယ်။

                                    Galwaysidle ကို download လုပ်ပြီး install လုပ်ပါ။ ၎င်းနောက် Gtalk ကို ပြန်ဖွင့်ပါ။ ပြီးလျှင် toolbar မှာရှိတဲ့ သင့် Gtalk icon ပေါ်မှာ right click နှိပ်ပါ။ Normal idle , Always idle နဲ့ Never idle ဆိုပြီး တွေ့ရပါလိမ့်မယ်။ ပုံမှန် Gtalk အတိုင်း သင်ကွန်ပျူတာကို မသုံးလျှင် အဝါရောင်၊ သုံးလျှင် အစိမ်းရောင် သို့မဟုတ် အနီရောင် ပေါ်လိုပါက Normal idle ကိုရွေးပါ။ သုံးသုံး မသုံးသုံး အဝါရောင် အမြဲပြထားချင်တယ် ဆိုရင် Always idle ကို ရွေးပါ။ ဘယ်တော့မှ အဝါရောင်မပြချင်ဘူးဆိုရင်တော့ Neveridle ကိုရွေးပါ။

Audio, Video နဲ့ Picture စတဲ့ Media အားလုံးကို တည်းဖြတ်နိုင်တဲ့ Media Cope software

                                     Media Cope လို့ခေါ်တဲ့ ဆော့(ဖ်)ဝဲကတော့ Audio, Video, Picture, Photo အစရှိတဲ့ media file တွေအားလုံးကို ဖြတ်၊ ညှပ်၊ ကပ်၊ ပြောင်း၊ ချုံ့၊ ချဲ့ အားလုံးလုပ်နိုင်ပါတယ်။ အသေးစိတ်ကြည့်မယ်ဆိုရင် Audio/Video Player, Audio/Video Cutter, Audio Converter, Video Converter, Photo Cutter နဲ့ Photo Resizer/Converter များပါဝင်ပါတယ်။ Convert လုပ်ရန်အတွက် Out put file များအနေနဲ့လည်း တော်တော်များများ ပြောင်းနိုင်ပါတယ်။ Picture file ကို Convert လုပ်ရာမှာ ဒီဆော့(ဖ်)ဝဲမှာပါတဲ့ အသုံးများတဲ့ size များအပြင်၊ သင်လိုချင်တဲ့ size ကို သက်မှတ်ပေးထားနိုင်ပါတယ်။ ဓာတ်ပုံတစ်ပုံကို ချုံ့၊ ချဲ့လုပ်နိုင်သလို၊ ဖြတ်ထုတ်ပစ်လို့လည်း ရပါတယ်။ Full version ကို တရားဝင် free ပေးထားပါတယ်။

မြန်မာဘာသာ periodic table ဒြပ်စဉ်အလှည့်ကျဇယား

                               Chemistry ဓာတုဗေဒကို စိတ်ဝင်စားသော မြန်မာများအားလုံးအတွက် အသုံးဝင်စေမယ့် မြန်မာဘာသာနှင့်ပြန်ဆိုထားသော periodic table ခေါ် ဒြပ်စဉ်အလှည့်ကျဇယားပါ။ ကျောင်းသူ၊ကျောင်းသားများ အတွက်ရော ၊ဆရာ ဆရာမများအတွက်ပါအသုံးဝင်စေပါတယ်။ Mendeleyev University of Chemical Technology of Russia (MUCTR) မှမြန်မာကျောင်းသားများကစုပေါင်းပြီး ကြိုးစားဖန်တီးထားတာပါ။ ဓာတုဗေဒအကြောင်းကိုစိတ်မဝင်စားရင်တောင် ဒြပ်တစ်ခုခုကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ၊ ဒြပ်စင်တွေရဲ့ ပါတ်ဝန်းကျင်ကို ညစ်ညမ်းစေမှုတွေ ၊ ၎င်းဒြပ်ရဲ့ ဂုဏ်သတ္တိတွေကို ဗဟုသုတ အနေနဲ့ လေ့လာနိုင်ပါတယ်။


Folder နှင့် file များကို password နှင့်ဖျောက်ထားပေးမယ့် WinMend


                               သင့်ကွန်ပျူတာကိုအခြားသူများသုံးလျှင် မတွေ့စေလိုသော folder နှင့် file များကို password နှင့်ဖျောက်ထား (hidden) လုပ်ပေးမယ့် software ပါ။ သင့်ကွန်ပျူတာမှာရှိတဲ့ folder နှင့် file များသာမက၊ USB ကဲ့သို့သော removable disk များမှ folder နှင့် file များကိုပါ ဒီ software နှင့် hidden လုပ်ထားလို့ရပါတယ်။ Portable အဖြစ်လည်း အသုံးပြုလို့ရပါတယ်။ Install လုပ်၍ run ပြီးလျှင် သင်နှစ်သက်ရာ password ကို သေချာအောင် ၂ ခေါက် ပြန်ရိုက်ခိုင်းပါလိမ့်မယ်။ ပြီးလျှင် Hide folder (သို့မဟုတ်) Hide file(s) ကိုနှိပ်၍ သင် hiddenလုပ်လိုသော folder နှင့် file များကိုရွေးလိုက်ပါ။ သင်ရွေးချယ်လိုက်သော folder နှင့် file များရဲ့ နောက်မှာ hidden ဟူ၍ အနီရောင်စာတန်းပေါ်နေလျှင် ၎င်း folder နှင့် file များသည်၊ သင့်ကွန်ပျူတာ (သို့မဟုတ်) သင့် removable disk မှပျောက်သွားပါလိမ့်မည်။ Removable disk ဆိုလျှင်လည်း အခြားကွန်ပျူတာများတွင် အသုံးပြုသည့်တိုင်အောင် သင်ဖျောက်လိုက်သော folder နှင့် file များသည် ရှာ၍တွေ့မည်မဟုတ်ပေ။
                                သင်ဖျောက်ထားသော folder နှင့် file များကိုပြန်ဖော်လိုပါက WinMend software ကိုပြန်ဖွင့်၍ သင့် password ကိုထည့်ပါ။ Removable disk ဖြစ်ပါက၊ ၎င်း disk ကိုသင့်ကွန်ပျူတာတွင် အရင်တပ်ဆင်၍ WinMend so



နောက်ဆုံးထွက် Google talk English-Myanmar Dictionary အကောင့် (tested and working)

                                         Google Account ရှိရုံဖြင့် မိမိသိလိုသော အင်္ဂလိပ်စာကားလုံး  ၏ အဓိပ္ပါယ်ကို လွယ်ကူစွာ မြန်မာဘာသာသို့ ပြန်ဆိုပေးနိုင်သော အကောင့်ဖြစ်ပါတယ်။ နောက်ဆုံး Update အကောင့်ဖြစ်တဲ့ en2my@burmesecloud.net ကို မိမိ Google Talk Account မှာ Add ပီးတော့ အသုံးပြုနိုင်ပါတယ်။

                                       အသုံးပြုပုံမှာ en2my@burmesecloud.net  အကောင့်ကို မိမိ၏ Gtalk အကောင့်တွင် ပုံမှန်အကောင့်တစ်ခု Add သည့်အတိုင်း ပြုလုပ်ပေးရပါမယ်။ ထို့နောက် ၄င်း အကောင့် အွန်လိုင်းသို့ ရောက်ရှိလာပါက အထက်ပါပုံတွင်ပြထားသည့်အတိုင်း မိမိသိလို့သည့် အင်္ဂလိပ် meaning ကို ရိုက်ထည့်ပေးလိုက်လျှင် မြန်မာဘာသာသို့ Auto Reply ပြန်ပို့ပေးမှာဖြစ်ပါတယ်။ ယခင် en2mm@mmgeeks.org  အကောင့်များအသုံးပြုရန် အဆင်မပြေသူများလည်း ယခု en2my@burmesecloud.net ကို Add ပြီး အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။
aungmyo......original....stamedia

Wednesday 18 July 2012

ရုပ်ပြောင်လေးလုပ်ကြည့်ကြမယ် .


ရုပ်ပြောင်လုပ်တဲ့ software လေးပါ..ကျွန်တော်တော့ မသုံးဘူးသေးပါဘူး ..သုံးချင်တဲ့သူတွေရှိရင် အဆင်ပြေအောင်တင်ပေးလိုက်တာပါ ..

Photobucket
aungmyo......cope

Co.cc Domain Name ကို Blogger တွင်အသုံးပြုခြင်း


ကျွန်တော့် Blog Domain name ကိုပြောင်းတုန်းက ခုလိုမသိလို့တော်တော် ဒုက္ခရောက်ခဲ့တယ်ဗျ ..သူငယ်ချင်းတို့လဲ ကျွန်တော့်လို မဖြစ်အောင် ဒီပို့လေးကို တင်လိုက်တာပါ .Co.cc domain name ကို Blogger မှာသုံးမယ်ဆိုရင် အရင်ဆုံး http://www.co.cc က Free Domain မှာ account မရှိသေးရင် sign up လုပ် ရှိရင် sign in လုပ်လိုက်ပါ ..ပြီးရင် ကိုယ်ကြိုက်တဲ့ နာမည်နဲ့ www.yourname.co.cc ဆိုပြီး လုပ်ပေါ့။ available မဖြစ်ရင်တော့ ထပ်ရှာပေါ့ဗျာ..
ဟုတ်ပြီ domain ရပြီ register လဲ ပြီးပြီ ဆိုရင်တော့ set up လုပ်ရတော့မယ်။”setup–>Manage domain” Manage DNS/Zone Record/URL forwarding တွေရှိတဲ့ အထဲက Zone Record ကိုရွေးမယ် .. ပြီးတော့ Host ဆိုတဲ့ နေရာမှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ် ..TTL ဆိုတဲ့ နေရာမှာ 1D ကိုရွေးပါ ..Type မှာ CNAME ကိုရွေးပေးပါ .Value မှာတော့ “ghs.google.com” ကိုထည့်ပေးပါ .ပြီးရင်တော့ Setup ကိုနှိပ်လိုက်ပါ ..


CNAME လုပ်ပြီးရင် A record ကို ထပ်ထည့်ပေးမယ် ဒါမှ url မှာ www မရိုက်မိလဲ ၀င်လို့ရမှာဖြစ်ပါတယ် ..






A record ၃ခု ထည့်ပေးပြီးရင် အောက်ကပုံလေးအတိုင်းမြင်ရပါမယ်..



အဲဒါတွေပြီးပြီဆိုရင်တော့ နောက်တစ်ပိုင်းလေးပဲကျန်တော့တယ်။ အဲဒါက Blogger အပိုင်းပဲကျန်ပါတော့တယ်.Blogger က ကိုယ့် Dashboard ကိုမရောက်သေးရင် လဲ ၀င်လိုက်ပါ
ရောက်ပြီဆိုရင်တော့

#Setting=>Publishing ကိုသွားပြီး
#အဲဒီမှာ “Switch to: • Custom Domain ကိုရွေးလိုက်ပါ..
#”Already own a domain? Switch to advanced settings” မှာclick လိုက်ပါ..
်ပေါ်လာတဲ့ အကွက်ကလေးထဲမှာ ခုဏက setup လုပ်လာတဲ့ domain ကို ရိုက်ပဲထည့်ထည့် copy/paste ပဲလုပ်လုပ် ကြိုက်သလိုသာလုပ်လိုက်ပါ..ပီးရင်တော့Save Setting ကိုနှိပ်လိုက်ပါ ..



၄၈ နာရီအတွင်း Domain အသစ်ပြောင်းပြီးဖြစ်သွားမှာပါ။ကျွန်တော့်တုန်းက တော့ ပထမ account နဲ့မရလို့နောက်ထပ်လုပ်ရပါတယ်..နောက်တစ်ခုကျတော့ ၄၈ နာရီတောင်မစောင့်ရပါဘူး ..ခနလေးနဲ့အဆင်ပြေသွားပါတယ် ..

မှတ်ချက် ။ http://mmwordpress.com မှ ပြန်လည်မျှဝေပါသည်

Gtalk က password ကိုကြည့်ကြရအောင်


ကျွန်တော့်အစ်ကိုကြီး တစ်ယောက်ဆီကရတာပါ ..Gtalk က password တွေကို ကြည့်လို့ရတဲ့ software လေးပါ ..password အတုံးလေးတွေနေရာကို မှန်ဘီလူးပုံလေးနဲ့ ထောက်ကြည့် ရင် မြင်နေရမှာပါ..serial
ကိုတော့  notepad ဖိုင်လေးနဲ့ ထည့် ပေးထားပါတယ်..


Photobucket

ဆော့ဖ်ဝဲ install လုပ်ပုံကတော့်တင်ပေးတဲ့ ဖိုင်လေးမှာ serial အတွက် notepad လေးရယ်
Software run ဖို့ အတွက် setup လေးပါပါတယ်။။
အဲဒီ setup လေးကို double click ပေးရင် run ပါလိမ့် မယ်. run ပြီးရင်
Desktop ပေါ်မှာ Shortcut လေးပေါ်လာလိမ့် မယ် ။သူကို ကလစ်ရင်
serial တောင်းတဲ့  Box လေးပေါ်လာပါမယ်..


အဲဒီမှာ notepad file ကိုဖွင့် ပြီး အဲမှာပါတဲ့  name & serial ကိုထည့် ပေးရင် Thank you !
ဆိုတဲ့  Alert box လေးပေါ်လာရင် Ok ပေးပါ။ ဒါဆိုရင် မှန်ဘီလူးပုံလေးပေါ်လာလိမ့် မယ်.
ဒါဆိုစသုံးလို့ ရပါပြီ။သူများကို ဒုက္ခပေးဖိုမရည်ရွယ်ကြပါနဲ့တောင်းပန်ပါရစေ ..
မှတ်ချက် ။ ဒီဆော့ဖ်ဝဲလေးကို ဝေမျှပေးတဲ့ ကိုရဲသူ(KSTU)ကိုကျေးဇူးတင်ပါတယ် ..
aungmyo......cope

ပုံလေးတွေကို ရေပေါ်မှာအရိပ်ထင်နေသလိုလုပ်ကြည့်ရအောင်


Picture ကို ရေပေါ်မှာ အရိပ်ထင်နေသလို ဖြစ်အောင်လုပ်တဲ့ software လေးပါ..ဘယ်ပုံကိုမဆိုလုပ်လို့ရပါတယ် ..
ဒီဆောစ့်ဝဲလေး က install စရာမလိုပါဘူး..အောက်မှာ ကျွန်တော်လုပ်နည်းလေးတွေ အဆင့်လိုက်ရေးပေးထားပါတယ်...

(၁) open icon ကို နှိပ်ပြီး လုပ်ချင်တဲ့ ပုံကို select လုပ်ပါ
(၂) မိမိလုပ်လိုသောပုံမှာ ရေလှိုင်းကို အဆင်းလေးတွေဘဲ ဖြစ်စေချင်ရင် Regular တွင် ထားပါ။ ပြင်ညီပေါ်တွင် အရာဝတ္ထု တစ်ခုနှင့်တစ်ခုတို့၏
အနီးအဝေးအနေအထား၊ အလုံးအထည်တို့ကို အမြင်အတိုင်း ပကတိ ရုပ်လုံးပေါ်အောင် ရေးဆွဲလိုလျှင် perspective ကို ရွေးပါ။
(၃) Export button ကိုနှိပ်ပါ။
(၄) မိမိလိုချင်သော output ကို ရွေးပါ။
reflection only ( မူရင်းပုံ ကို ဖော်ပြခြင်း မရှိဘဲ ရေပေါ်က အရိပ်ကိုသာပြရန်)
image and reflection (မူရင်းပုံရော၊ ရေပေါ်မှ အရိပ်ကိုပါ ပြရန်)

animated gif အတွက် color count ကိုရွေးပေးရန်
sequence bmp နဲ့ sequence jpg တို့သည် animate လုပ်ထားသော ပုံအစဉ်လိုက်ကိုထုတ်ပေးရန်
video တွင် video clip avi (မိမိ video file ၏ အရှည် second )ကို ရွေးပေးရန်


နမူနာပုံလေးပြထားပါတယ်..စမ်းပြီး လုပ်ကြည့်ကြပါဥိးနော် အဆင်ပြေပါစေဗျာ.....



Photobucket

                        aungmyo.....(cope)

Gmail & Gtalk အကြောင်း စာအုပ်


ဂျီမေးလ်း အကောင့်ဖောက်နည်းကစပြီးတော့ ... ဂျီတော့ပ် shell လေးတွေ ကိုယ်တိုင်ပြုလုပ်နည်း များထိတော်တော်များများရေးထားပါတယ်...စိတ်ဝင်စားသူများ အောက် မှာ သွားဒေါင်း နိုင်ပါတယ်..တတ်နိုင်သမျှစုံလင်အောင်ဖော်ပြထားပါသည်..

Photobucket
အားလုံးပဲအဆင်ပြေပါစေဗျာ....မှတ်ချက်။သူငယ်ချင်းတစ်ယောက်ရဲဆိုက်ကကော်ပီယူတာပါ။

Gtalk နေရာမှာပုံလေးတွေထည့်ကြည့်မယ်


ကျွန်တော်လဲ သူများဆီက ရထားတာပါ.ရထားတာကြာနေပြီဆိုတော့ လင့်ခ်တွေသေကုန်တာနဲ့ Resource Hacker လေးကို Google မှာမနဲပြန်ရှာထားရတယ်..ထုံးစံအတိုင်း သိပြီးသားဆိုရင်တော့လည်းမသိချင်ယောင်ဆောင်ပေးကြပါလို့ ......Software နဲ့ လုပ်ကြည့်မှာဖြစ်ပါတယ်..ပထမဆုံး အောက်က Resource Hacker လေးကို Download လုပ်လိုက်ပါ......
Photobucket
Photobucket

ကဲစလိုက်ကြရအောင်..C:\ ထဲက Program File ထဲမှာရှိတဲ့ googletalk.exe ဖိုင်ကို
Destop ပေါ်ကို copy ကူးထားလိုက်ပါ (ကိုယ်လုပ်တာနဲ့ မူးရင်းဖိုင်နဲ့ ရောမှာစိုးလို့ပါ )...

Download လုပ်ပြီးရင် Resource Hacker ကို ဖွင့်ပြီး
File -> Open ( Ctrl+O) ကနေ
Destop ပေါ်မှာ copy လုပ်ထားတဲ့
googletalk.exe ကို ဖွင့်လိုက်ပါ ....


Gtalk နဲ့ပတ်သက်တဲ့ Data တွေပေါ်လာပါလိမ့်မယ်....


ပထမဆုံးအနေနဲ့ အသံတွေကို ပြောင်းကြည့်ရအောင်.......
WAVE title ကို ဖွင့်လိုက်ရင် 121 , 123,124,125,126 ဆိုတဲ့ ခေါင်းစဉ်အခွဲတွေ
ထပ်တွေ့ရပါလိမ့်မယ် ... ..
121 က တဖက်က ကိုယ့်ဆီကိုစာရိုက်လိုက်ရင် ကြားရတဲ့ အသံဖြစ်ပါတယ်...
125 က ကိုယ့်ကို voice call ရင်ကြားရတဲ့ အသံဖြစ်ပါတယ် ...
အဲ့ဒီ 125 ရဲ့ အသံကိုပြောင်းမယ်ဆိုရင်

Action -> Replace other resource ... -> Open file with new resource ကနေ
ကိုယ်ထည့်မယ့် အသံ (သို့) သီချင်းကိုဖွင့်လိုက်ပါ....

Resource Type မှာ WAVE ၊ Resource Name မှာ 125 ၊ Resource Language မှာ 0
ကိုဖြည့်ပြီး Replace ကို click လိုက်ပါ ..


ဒါဆိုရင် voice ခေါ်တဲ့ အခါကြားရမဲ့ အသံပြောင်းသွားပါပြီ ....

File -> Save လုပ်လိုက်တာနဲ့ Destop ပေါ်မှာ googletalk_original.exe ဆိုတဲ့ Gtalk
ဖိုင်တစ်ခုထပ်ပေါ်လာပါလိမ့်မယ် ..

googletalk.exe ဖိုင်က ကိုယ်ပြောင်းလိုက်တဲ့ Gtalk ဖြစ်ပါတယ် .....
googletalk_original.exe ကတော့ မူရင်း Gtalk ဖြစ်ပါတယ် .....

အဲ့ဒီနည်းနဲ့ WAVE ခေါင်းစဉ်အောက်မှာရှိတဲ့ အသံတွေအားလုံးပြောင်းလို့ရပါတယ် .....
( ကိုယ်ပြောင်းမယ့် အသံဖိုင် (သို့ ) သီချင်းဖိုင်က .wav ဖိုင်ဖြစ်ရပါမယ် ... Recording
စက္ကန့် 20 လောက်ဆိုရပါတယ် )
Gtalk မှာပါတဲ့ပုံတွေက တော့ Bitmap ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိပါတယ် ...

ပုံပြောင်းနည်းတစ်ခုကို ရေးပြလိုက်ပါမယ် .....
တစ်ဖက်က စာရိုက်နေရင် ကိုယ့်မှာပေါ်တဲ့ Typing သင်္ကေတ ကို
တခြားပုံပြောင်းကြည့်ရအောင် ......

-Typing သကေင်္တ ပုံရှိတဲ့နေရာက Bitmap -> 6051 မှာရှိပါတယ်....
-ပြောင်းနည်းကတော့ ........
-Bitmap ခေါင်းစဉ်အောက်က 6051 ကိုဖွင့်ပြီး Action --> Replace
-Bitmap ... --> Open file with new bitmap ကနေ ကိုယ်ထည့်ချင်တဲ့ ပုံ ကိုထည့်ပြီး
-Replace ကို click လိုက်ပါ .....


ပီးရင် File -> Save လုပ်လိုက်ရင် တစ်ဖက်က စာရိုက်နေတဲ့အခါ
ကိုယ့်မှာပေါ်မယ့် Typing သင်္ကေတ နေရာမှာ ကိုယ်ထည့်လိုက်တဲ့ပုံ ပေါ်နေပါလိမ့်မယ်.......


*ထည့်မဲ့ပုံက bmp ဖိုင်ဖြစ်ရပါမယ် ...... အရမ်းကြီးလို့မရပါဘူး ...
မူရင်း Typing သင်္ကေတ ပုံအရွယ်အစားလောက်ပဲဖြစ်ရပါမယ် ....
အဲ့ဒီနည်းနဲ့ Bitmap ခေါင်းစဉ်အောက်က ပုံတွေ ပြောင်းပစ်လို့ရပါတယ် ......

*Bitmap ခေါင်းစဉ်အောက်မှာရှိတဲ့ အချို့သင်္ကကေတပုံတွေ ရေးပြလိုက်ပါမယ် .....
6001 = Avaiable သင်္ကေတပုံ
6002= Busy သင်္ကေတပုံ
6003= Idel သင်္ကေတပုံ
5010= Gtalk left border
5011= Gtalk right border
5012= Gtalk bottom border
Gtalk မှာရှိတဲ့ စာတွေကို ပြောင်းလို့လည်းရပါတယ် ......
Gtalk က စာတွေအားလုံး String Table ခေါင်းစဉ်အောက်မှာ ရှိပါတယ် ...
ဥပမာ....
Username: ဆိုတဲ့နေရာမှာ အခြားစာပြောင်းမယ်ဆိုရင် String Table --> 95 ကို
ဖွင့်ပြီး Username ဆိုတဲ့နေရာမှာ ကြိုက်တာရေပြီး Compile Script ကို click ပြီး
File -->Save လုပ်လိုက်ရုံပါပဲ .. ...
ကျန်တဲ့ စာတွေအားလုံးကိုလည်း ဒီနည်းအတိုင်း အကုန်ပြောင်းကြည့်လို့ရပါတယ် ....
ကိုယ်ပြောင်းထားတဲ့ Gtalk နဲ့ တစ်ခုမက ဖွင့်ချင်တယ်ဆိုရင် ... ကိုယ်ပြောင်းထားတဲ့
Gtalk ကို Shortcut ထုတ်ပြီး
ထုံးစံအတိုင်း Properties ကနေ Target ဆိုတဲ့အကွက်ရဲ့ နောက်ဆုံးမှာ /nomutex ရိုက်ထဲ့ပြီး
ကြိုက်သလောက် အသုံးပြုလို့ရပါတယ် ......


အောက်က ကျနော်ပြောင်းထားတဲ့ Gtalk ပုံလေးပါ... ..

ပုံထည့်တဲ့နေရာကတော့ Bitmap ခေါင်းစဉ်အောက်က 5101 မှာပါ....


ဒီပုံလေးက icon လေးတွေထည့်ထားတာပါ..


မှတ်ချက်။ မူရင်းပိုင်ရှင်ကိုတော့ မသိတော့ပါ..

Gပုန်း လုပ်လိုသူများအတွက်






gmail ကနေ invisible လုပ်ရတာမကျေနပ်သေးတဲ့သူငယ်ချင်းများအတွက် ....
Gtalk မှာပါ invisible နဲ့ ချက်နိုင်ကြပါပြီ ....
စမ်းကြည့်ချင်သူများ ..http://www.google.com/talk/labsedition/download.html ..ဒီလင့်ခ်လေး မှာသွားဒေါင်းပါ ....ပြီးရင်Run လိုက်ပါ .gtalk ကိုဖွင့်ပြီး ...ရိုးရိုး gtalk တွေ sign out လုပ်တဲ့နေရာမှာတင်
invisible လုပ်လို့ရပါတယ် ......


ဒါပေမဲ့အောက်ကစာသားလေးတော့ သတိထားပေါ့ ....

Google မှာ ပို့လို့ရတဲ့ မေးလ်မို့ Gmail ဟုခေါ်သည် ...
Google မှာ talk နိုင်လို့မို့ Gtalk ဟုခေါ်သည် ...
Google မှာ ပုန်းနေတဲ့ သူများ ကိုတော့ Gပုန်း ဟုခေါ်သည် ...တဲ့ .....ဟဲဟဲ ..း)))

                   aungmyo........(cope)

PHOTOSHOP စာအုပ်(မြန်မာဘာသာဖြင့်)

..အောက်ကလင့်ခ်လေးမှာ ဒေါင်းလုဒ်ယူလိုက်ပါ.သူငယ်ချင်းရေ တင်ပေးလိုက်ပြီနော် .

Download
                            aungmyo......(cope)

Counrty_Codes_2.7


ဒီ Software လေးက နိုင်ငံအသီးသီးရဲ့ country code , ph code တွေရှာတဲ့ ဆော့ဝဲလေးပါ.Country Codes တွေအပြင် အခြားအသုံးဝင်မယ့် အချက်အလက်တွေပါ(International Times, Latitude, Dialing Codes, etc...) ကြည့်နိုင်ပါတယ်။ Install လုပ်စရာလည်းမလိုပါဘူး။

Photobucket
Photobucket
                                                မှတ်ချက်...သူများဆိုင်ကကူးယူတာပါ။နာမည်ကတော့မသိတော့လို့။