Monday 23 July 2012

Folder နှင့် file များကို password နှင့်ဖျောက်ထားပေးမယ့် WinMend


                               သင့်ကွန်ပျူတာကိုအခြားသူများသုံးလျှင် မတွေ့စေလိုသော folder နှင့် file များကို password နှင့်ဖျောက်ထား (hidden) လုပ်ပေးမယ့် software ပါ။ သင့်ကွန်ပျူတာမှာရှိတဲ့ folder နှင့် file များသာမက၊ USB ကဲ့သို့သော removable disk များမှ folder နှင့် file များကိုပါ ဒီ software နှင့် hidden လုပ်ထားလို့ရပါတယ်။ Portable အဖြစ်လည်း အသုံးပြုလို့ရပါတယ်။ Install လုပ်၍ run ပြီးလျှင် သင်နှစ်သက်ရာ password ကို သေချာအောင် ၂ ခေါက် ပြန်ရိုက်ခိုင်းပါလိမ့်မယ်။ ပြီးလျှင် Hide folder (သို့မဟုတ်) Hide file(s) ကိုနှိပ်၍ သင် hiddenလုပ်လိုသော folder နှင့် file များကိုရွေးလိုက်ပါ။ သင်ရွေးချယ်လိုက်သော folder နှင့် file များရဲ့ နောက်မှာ hidden ဟူ၍ အနီရောင်စာတန်းပေါ်နေလျှင် ၎င်း folder နှင့် file များသည်၊ သင့်ကွန်ပျူတာ (သို့မဟုတ်) သင့် removable disk မှပျောက်သွားပါလိမ့်မည်။ Removable disk ဆိုလျှင်လည်း အခြားကွန်ပျူတာများတွင် အသုံးပြုသည့်တိုင်အောင် သင်ဖျောက်လိုက်သော folder နှင့် file များသည် ရှာ၍တွေ့မည်မဟုတ်ပေ။
                                သင်ဖျောက်ထားသော folder နှင့် file များကိုပြန်ဖော်လိုပါက WinMend software ကိုပြန်ဖွင့်၍ သင့် password ကိုထည့်ပါ။ Removable disk ဖြစ်ပါက၊ ၎င်း disk ကိုသင့်ကွန်ပျူတာတွင် အရင်တပ်ဆင်၍ WinMend so



No comments:

Post a Comment